အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
Nov 28,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ နံရံကပ်ပြပွဲ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၁ နာရီက လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.က ဘူတာကုန်းကျောင်းတွင် ပြုလုပ်သည်။
Nov 28,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ နဝမ အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဆဋ္ဌသံဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Nov 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ၊ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် ပျော်ရွှင်ခြင်းစာအုပ်ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်၊၊
Nov 28,2021
ကျောင်းသားလူငယ်များနှင့် အများပြည်သူများ အမျိုးသားနေ့ကို သတိတရ အမှတ်ရစေရေးနှင့် အမျိုးသား ရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် နိုဝင်ဘာ (၂၆)ရက် ညနေ(၃) နာရီ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဆောင်ရွက်သည်။
Nov 27,2021
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁)အစည်းအဝေးကို   ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Nov 27,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ် ကြက်ခြေနီအသင်း ခွဲမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်း Trauma First Aid Training ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီက မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်းဇောင်းကျေးရွာ စည်ပင်သာယာဈေးအား မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေ ၃ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ခံ မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။