အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သ ဆက်ဆံရေးဦးစီးဌာနရုံးမှ စီစဉ်ကျင်းပသော စာအုပ်စာစောင်ပြပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 27,2021
စစ်တွေခရိုင်လယ်ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့မှ  သီးနှံနှင့် မြေယာလျော်ကြေးငွေများအား ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 27,2021
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ရရှိစေနိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသောက်ကုန်များ ထုတ်လုပ် တတ်စေရန်အတွက် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁) ကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Nov 27,2021
 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှစီစဉ်ထုတ်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်" သတင်းစကား "လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်ပိုင်းက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ဟိုပန် မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရွှေဝါ)နှင့် အခြေခံပညာ အလယ်တန်းကျောင်း (ကောင်းကော်) ကျောင်းများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ‌ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်‌နေ့ ၃နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ( Cimmunity Centre)ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။  
Nov 27,2021
တနင်္သာရီဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 27,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု  ဗဟို ဌာန(Community Center)ခန်းမတွင်  အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်နှင့်   ဖြစ်ပွားမှုကိုထိရောက်စွာ    ဟန့်တားနိုင်ရေးတို့ အတွက်ရည်ရွယ်၍ယမန်နေ့မွန်းလွဲပိုင်းက“ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကျောင်းသား၊ကျောင်းသူ တိုင်းထိုးနှံပေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပကြောင်း သိရသည်။