Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် " ခေါင်းဆောင်ကောင်းနှင့်စကား ပြောစွမ်းရည် " စာအုပ်…
Nov 28,2021
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ လူငယ်များ အနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်" စာအုပ်ဖြင့်ယမန်နေ့ (၁၀.၃၀)နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး၏ ရှာဖွေကယ်ဆယ် ရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျ…
Nov 28,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား သဘာဝ ဘေးအန္တရာယ်အပါအဝင် ရုတ်တရတ်မတော်တဆ ဖြစ်ပွားသော ဘေးအန္တရာယ်များ ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 28,2021
ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဦးတည်ချက်နှင့် အနှစ်သာရတို့ကို နားလည်သိရှိစေရန်နှင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ LUF–60 မီးသတ်စက်ယာဉ်အသစ် အသုံးပြုမှု/အသုံးဝင်မှု လက်တွေ့ သရုပ်ပြသ
Nov 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ LUF– 60 မီးသတ်စက်ယာဉ် အသစ် အသုံးပြုမှု/ အသုံးဝင်မှု လက်တွေ့ရှင်းလင်းပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါ ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းဝန်း သန့်ရှင်း သာယာလှပရေး စုပေါင်းဆောင်ရွက်
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ စေတီပုထိုးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်း သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခြင်းကို ပင်လုံရပ်ကွက်ရှိ ထန်းတော ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ယမန်နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်
Nov 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်စည်ပင်သာယာရေးပိုင်မြို့မစျေးကြီး၌ မီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် (၀၉:၀၀) တွင် အဆိုပါဈေး၌ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်း
Nov 28,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်တွေ့ဆုံ၍ စည်ပင်သာယာရေးလုပ်ငန်းများအား စီမံကိန်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23875
Page
23876
Page
23877
Page
23878
Current page
23879
Page
23880
Page
23881
Page
23882
Page
23883
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department