အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ မဘိမ်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများအာ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အ စည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 27,2021
မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာနနှင့်   ပညာရေး ဌာနတို့ ပူးပေါင်းကျင်းပသည့် (၁၀၁)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ သိကောင်းစရာ Talk Show အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီက လမိုင်းမြို့ လူထုအခြေပြု ဗဟိုဌာနခန်းမ၌   ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင်ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မျက်နှာသုတ်ပုဝါများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Nov 27,2021
၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထု အခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှု များ ပ​ပျောက်​​ရေးအတွက် အထူးစီမံချက်ဖြင့်  ​ ​ယ​နေ့နံနက်ပိုင်းက ယာယီပျံကျ​စျေး၌ ​စျေး​ရောင်း၊ ​စျေးဝယ်များကိုသက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က ကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ (အခမဲ့) စစ်ဆေး​ပေးခဲ့​ကြောင်းသိရသည်။
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ  စားသောက်ဆိုင်များ ကိုဗစ်-၁၉  စည်းကမ်းချက်များနှင့်အညီ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က မြို့နယ်စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre )တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲခန့်က (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။