အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသူများ လာရောက်ထိုးနှံကြရန် နှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 28,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ငြုပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Nov 28,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၁၀၁ နှစ်မြောက်အမျိုး သားအောင်ပွဲ နေ့ အထိမ်းအမှတ်အခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက် တန်းကျောင်းရှိ ပန်းမျိုးတစ်ရာ ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က အခမ်းအနားကျင်း ပခဲ့ကြောင်းသိရသည်။
Nov 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲTalk Showအစီအစဉ်ကို လူထု အခြေပြုဗဟိုဌာနCommunity Cerntre ခန်းမ၌ ယမန်နေ့နေ့လယ်၂နာရီကကျင်းပခဲ့ကြောင်း သိရသည်။
Nov 28,2021
၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၇)နာရီအချိန်က မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 28,2021
ရှမ်းပြည်(နယ်အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုဝင်ဘာလ(၂၂)ရက်မှ(၂၈)ရက်နေ့အထိ နိုင်ငံသား စိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။
Nov 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယနေ့ နံနက် ၉နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။