၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိ

တနင်္သာရီ  ဒီဇင်ဘာ  ၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွား မှုနှုန်းမြင့်တက်မှုကြောင့် ယာယီပိတ်ထားခဲ့ရာမှ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာကျောင်း(၁၄၁)ကျောင်း ရှိသည့်အနက် ယမန်နေ့ အထိ (၉၇)ကျောင်းကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိသဖြင့် (၆၈.၇၉)ရာနှုန်းဖြစ်ပြီး၊  (၄၄)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် (၃၁.၂၁)ရာနှုန်းဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရ သည်။

တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေမှာ အထက်တန်း ကျောင်း(၁၄)စာရင်းရှိသည့် အနက်(၁၃)ကျောင်း၊ အလယ်တန်းကျောင်း(၂၂)ရှိသည့်အနက် (၁၇) ကျောင်း၊ မူလတန်း(လွန်) (၁၆)ကျောင်းရှိသည့်အနက် (၁၁)ကျောင်း၊ မူလတန်း(၈၈)ကျောင်းရှိ သည့်အနက်(၅၅)ကျောင်း၊ ဘ/ကကျောင်း(၁)ကျောင်း စသည်ဖြင့် စုစုပေါင်း(၁၄၁)ကျောင်းရှိ သည့်အနက် (၉၇)ကျောင်းအား ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရ သည်။

နန်းသာရီ-ထိန်ဝင်း