Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းမြို့ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူများ ပြန်လည် လာရောက် လည်ပတ်လျက်ရှိ
Dec 12,2021
ကော့သောင်းမြို့ ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူ မြို့ခံပြည်သူများအပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ပြည်တွင်းခရီးသွားမိသားစုများ တစ်စတစ်စ ပြန်လည် လာရောက်လည်ပတ်လျှက်ရှိရာ အများပြည် သူ အားလပ်ရက်ဖြစ်သည့်ဒီဇင်ဘာလ၁၂ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းက ပင်လယ်ကျွန်းအပန်ဖြေ ခရီးသွားရောက်မည့် သူများ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွား လုပ်ငန်းကုမ္မဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့၊ ဘုရင့်နောင် ဆိပ်ကမ်းဘောတံတား တွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြသ
Dec 12,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်က မိတ္ထီလာမြို့ အမှတ်(၁)ရှေ့တန်း အခြေချ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ပဲထောပတ်သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အညာကျေးလက်ဒေသများ၌ ဒေသခံ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ပဲထောပတ်သီးနှံစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းသည့်အတွက် ပေါ်ဦးပေါ်ဖျား သီးနှံရောင်းချရချိန်တွင် ဈေးကောင်း ရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ ဒေသခံ တောင်များ ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်တွင် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး စုပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်
Dec 12,2021
မွန်ပြည်နယ်တွင် လူထုအားကစားလှုပ်ရှားမှုလအဖြစ် ဒီဇင်ဘာဒုတိယပတ် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းစုပေါင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ကမ်းနားလမ်း ရေပေါ်ညဈေးနေရာတွင် ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးတင်ချယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်၌ ဘုရား၊ ကျောင်း၊ ကန်များ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်
Dec 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် သာယာလှပစေရန်နှင့် ကျောင်း၊ ကန်ဘုရား သာယာလှပစေရေးတို့အတွက် ဌာနစုပေါင်းသန့်ရှင်းရေးအား ယနေ့နံနက် ၇ နာရီ အချိန်တွင် ဇိနမာရဇိန်ဘုရားကုန်း မြေပေါ်တွင် ဌာနဆိုင်ရာများမှ
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Dec 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲ့ စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းနှင့် အားကစားပြိုင်ပွဲများကျင်းပ…
Dec 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူလေးများအား လပ်သည့်အချိန်တွင် စာပေဖတ်ရှုလေ့လာမှု အလေ့အထရှိစေရန်နှင့် စိတ်ပျော်ရွှင်လန်းဆန်း တက်ကြွစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ယမန်နေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြိုနယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 12,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြိုနယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဟံဇားကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23789
Page
23790
Page
23791
Page
23792
Current page
23793
Page
23794
Page
23795
Page
23796
Page
23797
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department