အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ထောင်စုံမဟက်ကျေးရွာအုပ်စုတွင် မြို့နယ်မီးသတ်ဦးစီးဌာနက အကြိုအခြေခံမီးသတ်သင်တန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့က စတင်ပို့ချခဲ့ပြီး သင်တန်းကို (၅) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 13,2021
မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပရေး ကော့သောင်းမြို့ခံပရဟိတလူငယ်အဖွဲ့များ စုပေါင်း အမှိုက်ကောက် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ကမ်းနားလမ်း တစ်လျှောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 13,2021
စာရေးဆရာမ တင်မမခိုင် (မန်းတက္ကသိုလ်)၏ သိမ်တော်ရှင် မြတ်စွာဘုရားသမိုင်းနှင့် ပေါင်လောင် ရှင်မဟာကဿပမထေရ်မြတ်၏ ထေရုပတ္တိအကျဉ်းစာအုပ် ရေးသူ/ ဖတ်သူ ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စ၍ ခင်းကျင်း ပြသထားကြောင်း သိရသည်။
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၇၆.၂၁)ကျပ်သန်းဖြင့် သောက်သုံးရေဖူလုံစေရေး ရေပေးဝေရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Dec 13,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Dec 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။