၂၀၂၁ - ခုနှစ် ၊  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပြင်ဦးလွင်  ဒီဇင်ဘာ  ၁၃

၂၀၂၁ ခုနှစ် ၊  ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်တွင်း ( ၅) မြို့နယ်  အသက်( ၂၅ ) နှစ်အောက်  အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့ ညနေ ( ၃ ) နာရီက  ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌  ကျင်းပပြုလုပ်ရာ   ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံး ဝါသနာရှင်များတက်ရောက်အားပေးကြသည် ။

အဆိုပါ  ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်တွင်း ( ၅) မြို့နယ်  အသက်(၂၅)နှစ်အောက်  အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို(၈-၁၂-၂၀၂၁) ရက်နေ့မှ (၁၂-၁၂-၂၀၂၁) ရက်နေ့ အထိ အင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားခဲ့ရာ  ဗိုလ်လုပွဲတွင် ပြင်ဉီးလွင်မြို့နယ် ဘောလုံးအသင်းနှင့် မိုးကုတ်မြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်ဦးလွင်ဘောလုံး အသင်းမှ မိုးကုတ် ဘောလုံးအသင်းအား  (၂) ဂိုး (၃) ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုရရှိသော   ပြင်ဉီးလွင်ဘောလုံးအသင်း အား ဆုငွေ  (၃) သိန်း၊ဒုတိယဆုရှိသော  မိုးကုတ်မြို့နယ် ဘောလုံးအသင်းအား ဆုငွေ  ( ၂ ) သိန်းကျပ် တို့အား တာဝန်ရှိသူများမှဆုတံဆိပ်များ၊  ဂုဏ်ပြုငွေများ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)