ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပုလော ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ စိမ်းလန်းစိုပြည်ရေး ရည်ရွယ်ချက်ဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပလောက်တပ်နယ် ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုး (စစ်ဦးစီးပထမတန်း)၊ ပုလောမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်၍  ခရေ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်း၊ မန်ကျန်ရှား စသည့် ပျိုးပင်ပေါင်း ၃၀၀ ပင် ကို တပျော်တပါး စုပေါင်းသစ်ပင် စိုက်ပျိုးကြကြောင်း သိရသည်။

ပုလော(ပြန်/ဆက်)