Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေါပုံမြို့နယ်တွင် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်
Jun 06,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ရပ်ရွာအတွင်းရှိ ပြည်သူများထံအရောက် ကွင်းဆင်းကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ဇွန် ၄ရက်နေ့ ညနေ ၃ နာရီအချိန်က ယမုံနာ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် ၂၀၂၆ ခုနှစ် အစိုးရနိကာယ် စာမေးပွဲဖြေဆို
Jun 06,2026
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၃၂)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ
Jun 06,2026
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဟားခါးမြို့၌ကျင်းပသည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်…
Jun 06,2026
၂၀၂၆ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီတွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများ ပူတာအိုလေဆိပ်သို့ တပ်မတော်လေယ…
Jun 06,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုလေဆိပ်သို့ နှစ်ကြိမ်ပို့ဆောင်ရောက်ရှိလာရာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ
Jun 06,2026
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင် အစိုးရနိကာယ်စာမေးပွဲ ကျင်းပနေသည့် ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညို
Jun 06,2026
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ် ဇွန် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမည့် အစိုးရနိကာယ်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များအား ဖူးမြှော်ကြည်ညိုသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိ…
Jun 06,2026
နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
218
Page
219
Page
220
Page
221
Current page
222
Page
223
Page
224
Page
225
Page
226
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department