အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယမန်နေ့ည‌နေ ၆ နာရီအချိန်ခန့်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်အရှေ့ဘက်ခြမ်း(အားကစားရုံနှင့်ဝန်ထမ်းအိမ်ရာဘက်)ရှိ ၁၉၈၅ခုနှစ်က ဆောက်လုပ်ထားသည့် အလျား ၁၀ ပေ၊ အနံ ၉ ပေရှိ အုတ်တံတိုင်းဟောင်းပြိုကျပျက်စီးသည့်အပြင်  ဆင်ပေါက်လှချောင်းရေကျဆင်းလာခြင်းကြာင့် အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်ရှိ အိမ်ထောင်စု ၂၇ စု၊ ပြည်သူလူဦးရေ ၁၀၈ ဦး ရေဘေးလွတ်ရာ ခုနစ်အိမ်တန်းဓမ္မာရုံသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုက်ကြီးမွေးမြူရေးဇုံ ဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်း အမှတ် (၁) မှ မှန်ပြတောင်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ မှော်ဘီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
Jul 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့်  မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို    ဟောပြောခဲ့သည်။
Jul 13,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ဌာနခွဲရှိ မျိုးသန့်ခြံအတွင်း မျိုးကောင်းမျိုးသန့် အထွက်ကောင်းစပါးမျိုးများ မျိုးစေ့ထုတ်လုပ်ရန် ယနေ့နံနက်ပိုင်းက အောင်နိုင်တိုးစပါးပင်များကို လက်ဆွဲကောက်စိုက်များဖြင့် စိုက်ပျိုးလျက်ရှိသည်။
Jul 13,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 13,2025
ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာထွေးတို့သည် တိုင်း/ခရိုင်/မြို့နယ်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျန်းမာရေးဝန်ထမ်းသားဖွားဆရာမများကို တွေ့ဆုံအားပေးစကားပြောကြားကာ အာဟာရဖြည့်အစားအစာများ၊ ဆေးဝါးများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
Jul 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိပြီး သီးနှံစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမိုးမြေပဲများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ် ဆောင်‌ရွက်ပေးမှုနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စံပြစိုက်ကွကိများကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစန်းလွင်၏  လယ်ယာမြေတွင်ယမန်နေ့နံနက်က တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါးစိုက်ပျိုးပွဲအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်မှုအဖွဲ့ဝင်များဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။