Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့တွင် ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲပြုလုပ်
Jul 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရွှေသရဖီခန်းမတွင် စာရေးဆရာတင်စိုး(နီတိအတွေး)က ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းတို့မှ ကျောင်းပြင်ပပညာရေးကျောင်းများတွင် ဗလာစာအုပ်နှင့် သွားတိုက်တံများ…
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်း၏ ကြီးကြပ်မှုဖြင့် အမှတ် (၅၈) ရပ်ကွက်၊ အမှတ်(၈) အလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၂) မူလတန်း (လွန်) ကျောင်းတို့ရှိ ကျောင်းပြင်ပပညာရေးစခန်းတို့တွင် ယမန်နေ့နေ့လယ် ၂:၃၀ နာရီက ဗလာစာအုပ်နှင့် သွားတိုက်တံများ လှူဒါန်းခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 13,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ အမှူးရှိသော သံဃာတော်များ၊ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်တွင် ရာသီမရွေးအောင်မြင်ဖြစ်ထွန်းသည့် ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 13,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီမရွေးအောင်မြင်ဖြစ်ထွန်းသည့် ရုံးပတီသီးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 13,2025
မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကော်ဖီပျိုးပင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား…
Jul 13,2025
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၁) ရက်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ဖူဆယ်ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း ကျင်းပ
Jul 13,2025
အင်းစိန် ဇူလိုင် ၁၃ ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းတို့ကို ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တောင်သူ ဦးအောင်လွင်၏ စံပြစိုက်ကွက်တွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
219
Page
220
Page
221
Page
222
Current page
223
Page
224
Page
225
Page
226
Page
227
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department