ပူတာအို ဇွန် ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုလေဆိပ်သို့ နှစ်ကြိမ်ပို့ဆောင်ရောက်ရှိလာရာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။
ထိုသို့ တပ်မတော်လေယဉ်ဖြင့် ပို့ဆောင်လာရာတွင် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးဝါးပစ္စည်းများကို (၂)ကြိမ်ပေးပို့ခဲ့ရာ ပညာရေးဝန်ကြီးဌာနကပေးပို့ခဲ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အထုပ်(၁၉၀)ထုပ်၊ ကျောင်းသုံးဗလာစာအုပ်အထုပ် (၁၆၅)ထုပ်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပူတာအို ခရိုင်ပြည်သူ့ဆေးရုံသို့ ပေးပို့လာသည့် Drip (၂၅)ဖာ၊ EPI ဆေး(၁)ပုံး၊ EPI ဆေးထိုးအပ် (၃) ဖာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများအား သက်ဆိုင်ရာဌာနများမှ သိုလှောင်ရုံများသို့ ရောက်ရှိနိုင်ရေးအတွက် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က ကြီးကြပ်စစ်ဆေးလက်ခံခဲ့ကြပြီး သက်ဆိုင်ရာဌာနများသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်