Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဘောလုံးဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 13,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဒေသတွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း Bakery & Sanck မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲအချိန်က ရွှေရောင်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 13,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၅ ခုနှစ် အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် ဂျမား အ.မ.က ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး
Jul 13,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ဂျမား အ.မ.က ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲမှုဖြစ်
Jul 13,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေကြီးများ နူးလာမှုကြောင့် မြို့မရဲစခန်းအတွင်းရှိ ကုက္ကိုလ်ပင် (လုံးပတ် ၁၀ပေ ၊အမြင့် ၆၀ ပေ) သည် အမြစ်မှ ကျွတ်ထွက်ကာ ပြိုလဲခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ၊ ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးဦးပန်းခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ရွှေတံဆိပ်များဆုရှင် မြန်မာ့လက်ရွေးစင်အားကစားသမား ဦးအောင်သီဟနှင့် အားကစားသမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် မကျီးပင်၊ ညောင်ပင်သာကျေးရွာများအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ညှိနှိ…
Jul 13,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများအတွင်း သဘာဝဘေးကြောင့် ပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရေရေမှတ်ရောက်ရှိရန် တဖြည်းဖြည်းနီးကပ်လာ
Jul 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၄၅ စင်တီမီတာခန့် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
220
Page
221
Page
222
Page
223
Current page
224
Page
225
Page
226
Page
227
Page
228
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department