အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
ရှမ်းရိုးရာအစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ကို ရှမ်းပြည်နယ်၏ နေရာများများတွင် စိုက်ပျိုး၍ ဒေသထွက်ဟင်းအဖြစ်စားသုံးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ၊သိန္နီမြို့နယ် နောင်အွန်ကျေးရွာတွင် ပဲပုတ်လုပ်ငန်းဖြင့် မိသားစု တစ်နိုင်တစ်ပိုင်လုပ်ကိုင်၍ သိန္နီ မြို့မစျေး အတွင်းရောင်းချခြင်း၊ ဒေသအတွင်း အော်ဒါယူသူများအားပေးပို့ခြင်းဖြင့် ပဲပုတ်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ်လုပ်ကိုင် လျက်ရှိသည်။
May 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို 
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့် (Abate)ဆေး ခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
May 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်မွေး၀မ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းကို ယနေနံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
May 25,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ မေလ (၇)ရက်နေ့တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့်
May 25,2022
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ  မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ(၄၈၁၈)ဦးကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း(၄၉၀၀)ကျော် လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။