ကျောင်းကုန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းက ခရီးသွားပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဦးတို့ ကြီးကြပ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး တွေ့ရှိမှုမရှိသည်မှာ (၄)လခန့်ကြာပြီ ဖြစ်သော် လည်း ယခုခေတ်စားနေသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန် ဒေသခံပြည်သူများ အနေဖြင့် နှာခေါင်းစည်း mask များ တပ်ဆင်၍ သွားလာကြစေရန် ယခုလို နှာခေါင်းစည်းများ ဖြန့်ဝေပေး ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)