ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပျဉ်းမနား မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် စာရေးဆရာ"ကျော်ဇောနိုင်"ရေးသားသည့် “ဆရာဟူသည်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆရာဟူသည် စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ပျဉ်းမနားမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာများဖြစ်ကြသည့် စာရေးဆရာ မျိုးမြင့်(မြန်မာစာ)၊ မောင်လေပြည်(တောင်တွင်း)၊ မေချို(ပျဉ်းမနား)၊ ရဲမွန်ကျော်၊ ခိုင်မင်း (နေပြည်တော်)နှင့် တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ ကျော်ဇောနိုင်ရေးသားသည့် ဆရာဟူသည် စာအုပ်ပါအကြောင်းအရာများဖြစ်ကြသည့် ဆရာ/ဆရာမများ၏ ဝါသနာ၊ စေတနာ၊ အနစ်နာခံပေးဆပ်ဆောင်ရွက်မှုများ၊  တန်ဖိုးထားအပ်သည့် ဆရာသမားများ၏ ဂုဏ်ကျေးဇူးများနှင့် ဆရာ/ဆရာမများအနေဖြင့်လည်း မိမိတို့၏ တပည့်ကျောင်းသား/ကျောင်းသူများ၏ စံနမူနာပြ ပုဂ္ဂိုလ်များအဖြစ် ကျင့်ကြံနေထိုင်သွားရမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးအစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)