အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
May 25,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်းပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးကြောင်း သိရသည် ။
May 25,2022
တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ လေးထပ်ကျောင်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ကျင်းပခဲ့သည်။
May 25,2022
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပ သည်။
May 25,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ခုနှစ်၊ မေလ၁၂ရက်နေ့မှ စတင်ကာ ပညာသင်နှစ်များ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိရာ
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်‌ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းMask Campaign ကို ယမန်နေ့နံနက်(၉)နာရီအချိန်က လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့‌သည်။
May 25,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် မိုးဦးစတင်ရွာသွန်းသဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများ စတင်ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်ကြောင်း သိရသည်။