ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်

ကော့ကရိတ် မေ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှပေးသွင်းရန်မလိုဘဲ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။

ကော့ကရိတ်မြို့နယ်တွင် အထက(၈)ကျောင်း၊ အထကခွဲ(၂၃)ကျောင်း၊ အလယ်တန်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၈) ကျောင်း၊ မူလွန်(၂၆)ကျောင်း၊ အမက(၁၄၆)ကျောင်းနှင့် အမကခွဲ(၂)ကျောင်း ဘက(၂)ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၂၃၅)ကျောင်းရှိအား မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)