လိပ်သို မေ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်Quiet ၈:၀၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံနိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံနိုးဆော်ရာတွင် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူများရှိနေသေး၍ အထူးသတိပြုနေထိုင်ကြရန်၊ တစ်ဦးချင်းရောဂါကာကွယ်ရေး အခြေခံစည်းကမ်းများကို လိုက်နာကြရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းသတင်းပေးပို့ရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ထိုးနှံထားကြရန်၊ ကျန်းမာရေးဌာနကထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး