Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လဟယ်မြို့တွင် မိုးရာသီနှစ်ရှည်ပင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကျင်းပ
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လဟယ်မြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးရာသီ နှစ်ရှည်သစ်ပင်(ထောပတ်)စိုက်ပျိုးပွဲနှင့် နှစ်ရှည်ပင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့ စာရာမေရိ ရိပ်သာ၀န်း၌ ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တောင်သူလယ်သမားဈေးရောင်းချနေမှုအား ကြည့်ရှုအားပေး
May 28,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် ဟင်းသီးဟင်းရွက် အသားငါးများကို ဝယ်ယူစာသောက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရ၏ အစိုးရအစီအစဉ်ဖြင့် တောင်သူလယ်သမားဈေးကို ယနေ့နံနက် ၇ နာရီက ဘားအံမြို့ ကန်သာယာဈေးတွင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ခရိုင်၌ သစ်သီးယိုမျိုးစုံနှင့် မုန့်လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
May 28,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် မွန်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးယိုစုံနှင့် မုန့်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 28,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရခိုင်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကစစ်တွေမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့်ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ချောင်းကြီးကျေးရွာအုပ်စုရှိ ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့်ဆေးပေးအပ်ပွဲကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး) မြို့နယ်များရှိပြည်သူများ မိုးရာသီအချိန် ကာလအတွင်း ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှု၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသောရေကောင်းရေသန့် ရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့်ဆေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက်
May 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့နံနက် ၇နာရီမှစ၍တောင်မြို့ ရပ်ကွက်အတွင်း (စနေနေ့တိုင်း) ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော သစ်ပင်စိုက်ပွဲတော်ကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုး ပွဲတော်အား ယနေ့နံနက် ၉ နာရီအချိန်က နှုံးကျွံကျေးရွာအုပ်စု၊ နှုံးကျွံကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20418
Page
20419
Page
20420
Page
20421
Current page
20422
Page
20423
Page
20424
Page
20425
Page
20426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department