အမြို့မြို့အနယ်နယ်သတင်းများ

May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသစိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတရေးနှင့် ဒေသခံပြည်သူများ ကိုယ်တိုင်ပါဝင်စိုက်ပျိုးပြီး သစ်တောသစ်ပင်များအားချစ်တဲ့စိတ်တွေ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈နာရီခွဲက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး၊ ပျားစွဲဆင်စခန်းအနီး၊ မှော်ကူးကြိုးဝိုင်း အကွက်အမှတ်(၂၄)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 28,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတု ကောင်းမွန်မျှတစေရန်၊ သစ်ပင်သစ်‌တောများ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့ နံနက် ၇ နာရီခွဲက သီတဂူဗုဒ္ဓ တက္ကသိုလ် (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေပြီး သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများခံစားရရှိစေရန် ရည်ရွယ်၍ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုစုပေါင်းဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၈ နာရီ အချိန်တွင် ပမ္မဝတီမြို့ပတ်လမ်းဘေးဝဲယာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 28,2022
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက မြဝတီ(၂)ကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ်(၃)မဲကနယ်တိုးချဲ့ ကွက်သစ်အနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
May 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့အတွင်းရှိ မိဘပြည်သူများသွေးလွန်တုပ်ကွေးရောဂါကင်းဝေးရေး၊ ကျန်းမာရေးနှင့်ညီ ညွတ်သည့် ပတ်ဝန်းကျင်အတွင်းနေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများကိန်းအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာကျောင်းများ၊ရပ်ကွက်အတွင်းရှိ စျေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 28,2022
ကျိုက်ထိုမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှဦးစီး၍ မေ၂၈ ရက်နံနက်၈ နာရီတွင် ကျိုက်ထိုမြို့ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်‌ တော၌ စိုက်ပျိုးပွဲအား ကျင်းပခဲ့သည်။