Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီး ခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုး သင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး
May 28,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းကမြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာလာရောက်ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူလာရောက် အပ်နှံသူ(၂၈၂၉၅)ဦးထိရှိ
May 28,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအဝှမ်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ဇွန် ၂ ရက်နေ့ အထိကျောင်းအပ်နှံရေး သတင်းပတ်အဖြစ်သတ်မှတ်ခဲ့ရာ လှည်းကူးမြို့နယ်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း များကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
May 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု (၂/၂၀၂၂) ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ငါးလုပ်ငန်းအတတ်သင် သိပ္ပံ(ကြို့ကုန်း)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်
May 28,2022
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကျင်းပ
May 28,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာ အခြေပြု အသက်မွေး၀မ်းကြောင်း အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲကို မေ ၂၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ
May 28,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ကျောင်းအပ်နိုင်ရေး ရက်သတ္တပတ် အခမ်း အနားကို နံနက် ၉ နာရီအချိန်တွင်ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့နယ်ရှိ စာသင် ကျောင်းဆောင်သစ် (၂)ဆောင်အား တက်ရောက်ဖွင့်လှစ်
May 28,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၈ ရက် နံနက်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ ၊ စာသင် ကျောင်းဆောင်သစ် (၂)ဆောင်အား တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများအား တတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းအပို ထိုးနှံပေးမည်
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက် ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကူးစက်ရောဂါကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများကိုလည်း တတိယအကြိမ် ကာကွယ်ဆေး ထပ်ဆောင်းအပို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20422
Page
20423
Page
20424
Page
20425
Current page
20426
Page
20427
Page
20428
Page
20429
Page
20430
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department