မော်လမြိုင်ကျွန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုး ပွဲတော်အား ယနေ့နံနက် ၉ နာရီအချိန်က နှုံးကျွံကျေးရွာအုပ်စု၊ နှုံးကျွံကျေးရွာ၌ ကျင်းပသည်။
အဆိုပါ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်သို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇွဲသူဟိန်း၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နှုံးကျွံကျေးရွာ အုပ်စုကျေးရွာနေ ပြည်သူများစုပေါင်း၍ ဗျူးရွှေဝါပျိုးပင်များအား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီရေတောစိုက်ခင်းများ စတင်ပေါ်ပေါက်လာစေရေး ရည်ရွယ်ချက်ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ပူးပေါင်း၍ မြို့နယ်အတွင်း စိုက်ပျိုးဧက (၁) ဧကတွင် တစ်ပင်လျှင် (၆)ပေခြားကာ ဗျူးရွှေဝါပျိုးပင် ၁၂၁၀ ပင်အား စတင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးမှူး ဦးသန်းမင်းဌေးထံမှ သိရသည်။
အောင်အောင်(ပြန်/ဆက်)