Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၁၀)နာရီအချိန် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 29,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ထားရှိကြရန်နှင့် ကဏ္ဍအလိုက် လုပ်ငန်းအစီအမံများ ဆောင်ရွက်ထားရှိကြရန် အဖွင့်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ - ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊သစ်ပင်များစိုက်ပျိုးခြင်းဖြင့်ဒေသတွင်းအပူချိန်လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ် ပေါ်စေရေး၊သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့်ရေ၊မြေရာသီဥတုထိန်းသိမ်းရန်နှင့်ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက သဖန်းကိုင်းကျေးရွာအုပ်စု မင်းလမ်း-စက်တုံး ကျေးရွာချင်းဆက်လမ်းဘေး၊ရှားပြင်ကြိုးဝိုင်း၊အကွက်အမှတ်-၁၇ ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 28,2022
ကယားပြည်နယ် ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်း မှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
May 28,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
May 28,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး တို့ကိုရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှယနေ့နံနက်(၈) နာရီခွဲအချိန်က ကျောက်တော်တောင်ဘုရား အဝင်တောင်တက်ကားလမ်းလက်ယာဘက်တောင်ခြေရင်းအတွင်း၌၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားအားကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေ…
May 28,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတို့နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မေ ၂၈ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် တောင်သူများလက်ဝယ်အရောက် အရံမျိုးစပါးများထောက်ပံ့ပေးအပ်
May 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် နေကြသည့်တောင်သူများထံ အရံမျိုးစပါးများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20416
Page
20417
Page
20418
Page
20419
Current page
20420
Page
20421
Page
20422
Page
20423
Page
20424
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department