အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
မိတ္ထီလာမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းနှင့် Myanmar Fitness Danceသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၂၂ ၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၉) နာရီအချိန် အ-ထ-က စဉ့်ကိုင်ကျောင်းရှိ သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူထံ လွှဲပြောင်းပေးအပ်ပြီး သက်ကြီးဘိုးဘွားများ ထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 30,2022
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်စသည့် မြန်မာ့ပညာရေး မျှော်မှန်းချက်တွေအတိုင်း ၂၀၂၂ ခုနှစ် ဇွန်လ (၂) ရက်နေ့ မှ စတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီး သင်ကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်
May 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဇွန် ၂ ရက် နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရေးအတွက် အခြေခံ ပညာကျောင်းများမှ စာသင်ခန်းအတွင်းရှိ စာသင်ခုံ/ထိုင်ခုံများအား သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
May 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေး ငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
May 30,2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးမိသားစုမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိရာ