အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ  မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျေးရွာအုပ်စုများမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို  ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က မြို့ချောင်းကျေးရွာအုပ်စု ရန်ကုန်မန္တလေးအမြန်လမ်း ၈၇ မိုင် ၆ ဖာလုံအနီး ရဲနွယ်ပျိုးဥယျာဉ်၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က အ-ထ-က (ရွှေကျင်) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 30,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) အား ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) မှ မွန်းလွဲ (၂:၀၀) အထိ ၇/အနောက်ရပ်ကွက်၊ ဇိနမာရ်အောင်စေတီတော်ဝင်း၊ ၂/တောင်ရပ်ကွက်၊ ရန်အောင်မြင်ဓမ္မာရုံ၊ ၁၀/တောင် ရပ်ကွက်၊ (၁၀၈) တောင်ဘုရားဝင်း စသည့်ဆေးထိုးစုရပ်များ၌ အသက် (၁၅) နှစ်မှအသက် (၁၈) နှစ်ကြား ရှိပြည်သူများ၊ အသက် (၁၈) နှင့် အထက်ရှိသော ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်လျက် ရှိသည်။
May 30,2022
စီမံကန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရှမ်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူးကျင်းပသော ရှမ်းပြည်နယ် အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့် လက်လီရောင်းဝယ်ရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) ကောက်ယူရေးသင်တန်းဖွင့်ပွဲကို မေ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက် ၈၃ လမ်း၊ ၃၆×၃၇ လမ်းကြားတွင် ယနေ့နံနက် (၁ဝ) နာရီအချိန်က လုံးပတ် ၅ ပေပတ်လည် အမြင့်ပေ ၄၀ ခန့်ရှိ ထနောင်းပင်ပြိုလဲ၍ ကား (၃) စီးပေါ်တွင် ပိကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလပြဌာန်းစာသင်ရိုးသစ် ဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။