အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်း(အထက-ခနောင်တို) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)၊ ယုဇနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်
May 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမ၌ ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
May 30,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Shield)နှင့် Sinovac များအား   First dose ၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့်အမှတ်(၁၀)ရပ်ကွက်‌၊ ဟေမဝန်ဓမ္မာရုံတို့၌  ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
May 30,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
May 30,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ရွှေတောင်ရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 30,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက အထက (ငပလီ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။