မိုင်းယောင်း မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူထံ လွှဲပြောင်းပေးအပ်ပြီး သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်ဖြစ်သည့် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် တစ်လလျှင်ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကို မိုင်းယောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အဘိုး(၃၅)ဦး၊ အဘွား(၈၇)ဦး၊ စုစုပေါင်း(၁၂၂)ဦး အတွက် ငွေကျပ် ၃၆၆၀၀၀၀/-ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာစာရေးများက သက်ကြီးဘိုးဘွား များထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နန်းပန်