အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ (မြို့နယ်လုံးကျွတ်)၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
May 30,2022
နောင်ချိုမြို့နယ်ဆင်လမ်းစုကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း စေသနာအဖွဲ့တို့မှ ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်းဆောက်လုပ်ပြီးစီးသော (၁၂၀’×၃၀’) အရွယ် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
May 30,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ  မိုးဦးကာလတွင် ကျေးလက်နေပြည်သူများအနေဖြင့် ရေကြောင်းခရီးသွားလာရာတွင် ရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပူပေါင်း၍ ရေလမ်းခရီးဖြင့်သွားလာကြသည့် ပြည်သူများအား အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၁၀ နာရီအချိန်က မြေပုံမြို့ အခွန်လွတ် မော်တော်ဘုတ်ဆိပ်ကမ်းသို့ သွားရောက်ကာ လက်တွေ့သရုပ်ပြနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က ကျောင်းအတွင်းရှိ ကျန်စစ်သားခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၁၄.၀၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော တော်ကမယ်၊ ကျုံဒူးဒါးမလိမ်း၊ ကျုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ပြုလုပ်သည်။
May 30,2022
မိတ္ထီလာမြို့၌ ခရိုင်သစ်တောဦးစီးဌာန၏ ၂ဝ၂၂ ခုနှစ်မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး လိန်တောကြိုးပြင်ကာကွယ်တောအတွင်း ကျင်းပကြောင်း သိရသည်။