အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ အမှတ် ၃ စိုက်ပျိုးရေး အထွက်တိုးစခန်း၌ ယနေ့နံနက် ၉ နာရီ အချိန်က တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
Jun 11,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဝင်းအတွင်း ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာ လှပရေးအတွက် တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် အ.ထ.က (၂) ကျောင်း၀င်း၌  ပြုလုပ်ခဲ့ကြသည်။
Jun 11,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ရှေ့တန်း အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ဗဟိုကျောင်းတိုက်နှင့် လမ်းမကြီးတစ်လျှောက်ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ရှေ့တန်းအမှတ်(၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန်းလှိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီး ကျော်သူဝင်းနှင့် တာဝန်ရှိသူများက  လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
Jun 11,2022
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ် များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ ကန်သာကန် သန့်ရှင်း သာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jun 11,2022
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်‌ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ပညာရေးဌာနဆရာဆရာများ အင်အား ၇၀ ဦးခန့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
Jun 11,2022
ကျောင်း၀င်းအတွင်း သန့်ရှင်းသာယာ လှပစေရေးနှင့် ကျောင်းသားများ ကျန်းမာပျော်ရွှင်စွာ ပညာသင်‌ကြားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ပညာရေးဌာနဆရာဆရာများ အင်အား ၇၀ ဦးခန့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။
Jun 11,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 11,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ အခြား အများနှင့်သက်ဆိုင်သောနေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။