အမြို့မြို့အနယ်နယ်သတင်းများ

May 31,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာ၌ မေလ(၂၇)ရက်နေ့က မိုးကြိုးပစ်သေဆုံးသူ ဒေါ်ခင်ဝင်းနုမိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
May 31,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှိ ရွှေပေလွှာခန်းမ၌ ကျင်းပခဲ့သည်။
May 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2022
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသဖွံ့ဖြိုးရေးအတွက် သမိုင်ဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များအား ဖူးမျှော်ကြည်ညိုခြင်းနှင့်သာသနာရေးဆိုင်ရာလျောက်ထားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြသိန်းတန်ဘုရားရှိ လေးဌာနထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 31,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆွေးနွေးခဲ့သည်။
May 31,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာစည်ဘုန်းကြီးကျောင်းဝန်း၌ မြို့နယ်သစ်တောဦးစီးဌာနက စီစဉ် ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများအား ဖွင့်လှစ်ပို့ချသော စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်းကို ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။