အမြို့မြို့အနယ်နယ်သတင်းများ

May 30,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့ မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးဆောင်သောအဖွဲ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
May 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးအခမ်းအနားကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ  အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးစီး၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့်
May 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm၊ Covishield၊ MyanCopharm ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကရောက်ရှိသည်။
May 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင် ယနေ့ နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 30,2022
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သတိပြုစရာ လက္ခဏာများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြသခဲ့ကြောင်း သိရသည်။
May 30,2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ လယ်သမားများအားမြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ ၂၀၂၂ မိုးရာသီအတွက် မိုးစပါးချေး ငွေများ​ ထုတ်​ပေးလျက်ရှိရာ ယ​နေ့နံနက်ပိုင်းတွင်​လယ်သမား(၂၉)ဦးအား မိုးစပါး​ချေး​ငွေများထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
May 30,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၌ (၂၃)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေး ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဒေါင်းဥကျေးရွာ တိုက်ဘုဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ စီးပွားရေးဝန်ကြီး နိုင်လယိတမ(ခ)နိုင်ခင်မောင်ဇင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။