မြေပုံ မေ ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ မိုးဦးကာလတွင် ကျေးလက်နေပြည်သူများအနေဖြင့် ရေကြောင်းခရီးသွားလာရာတွင် ရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပူပေါင်း၍ ရေလမ်းခရီးဖြင့်သွားလာကြသည့် ပြည်သူများအား အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၁၀ နာရီအချိန်က မြေပုံမြို့ အခွန်လွတ် မော်တော်ဘုတ်ဆိပ်ကမ်းသို့ သွားရောက်ကာ လက်တွေ့သရုပ်ပြနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသက်ကယ်အင်္ကျီ (Life Jacket)ကို စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်ပြီး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဆောင်ရွာနေရာသို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုလင်းဟန်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်သန်းစိုး စည်ပင်သာယာရေအဖွဲ့မှ ဦးဝင်းအောင်တို့ပူးပေါင်း၍ မီးသတ်တပ်ဖွဲ့ဝင်များက မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မော်တော်ဘုတ်၊ စက်လှေများဖြင့် ရေလမ်းခရီးအသုံးပြုသွားလာကြသော ပြည်သူများအား မိုးဦးကာလတွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ခရီးသွားပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)