စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

စမ်းချောင်း ဇွန် ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေ းမထိုးနှံရသေးသူ ပြည်သူ များအား စမ်းချောင်းမြို့နယ်  မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင်  ယနေ့​နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ(၂၂)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၁၁)ဦးနှင့် တတိယ အကြိမ်Booster Dose ထိုးနှံသူ(၇၇)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၁၁၀) ဦး အား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  စေတနာရှင်Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

ခင်ငြိမ်းချမ်းဝင်း