သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

သာစည် ဇွန် ၂

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်က စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ကျွန်မတို့ကျောင်းမှာ ဒီနေ့မနက်ပိုင်းထိ ကျောင်းလာအပ်တဲ့ကျောင်းသား/သူတွေလည်းရှိပြီး  ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပါတယ်   ခုချိန်ထိကျောင်းအပ်နှံသူပေါင်း ၁၄၀၀ ကျော်ရှိတာမှာ  ကျောင်းအပ်နှံတဲ့ ကျောင်းသား/သူအားလုံး ကျောင်းလာတက်ပြီးပညာသင်ယူလျက်ရှိကြောင်း အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းကပြောသည်။

သာစည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၁၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၂၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၂၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၁၇ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၁ ကျောင်း၊ ဘုန်းတော်ကြီးပညာရေးကျောင်း ၇ ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း ၁ ကျောင်းတို့ရှိရာ ကျောင်းသား/သူများအေးချမ်းစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)