အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေဗီယာစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ တောင်သူ ဦးယောဆက်၏ ယာမြေ(၀.၅)ဧက၌ ကျင်းပသည်။
Jun 27,2022
မြို့သစ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၅၉၅၉၅)ကို လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိစိုက်ပြီးဧက (၄၆၅၄)ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Jun 27,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော် ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ရပ်ကွက်များအတွင်းလှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
Jun 27,2022
၂၀၂၂ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မန်တုံမြို့နယ်၊ လွယ်ကန်(၂)ကျေးရွာ၊ တောင်သူဦးထွန်းမြိုင်၏ယာမြေ၌ ဇွန်လ(၂၄)ရက်နေ့က မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများကဦးဆောင်ပြီး မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာ(၁)ဧက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 27,2022
မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေဗီယာမြက်မျိုးများ ထောက်ပံ့ပေးအပ်ပြီး သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရုံးပင်စောက်ကျေးရွာအုပ်စု၊ လိပ်ခွဲကျေးရွာ တောင်သူဦးအောင်ဝင်းလှိုင်၏ယာမြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါချောင်းဘေး လတာပြင်တွင် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။