Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး
Jun 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ဆီဆုံရပ်ကွက်ရှိ မောက်စံဘုန်းတော်ကြီးကျောင်းဇရပ် ကာကွယ်ဆေးထိုး စုရပ်တွင်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jun 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၉)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာအေးစျေး၌ ယနေ့နံနက် ၈:၀၀ နာရီအချိန်က မိဘပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်သို့ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဒေါက်တာအရှင်ဝိစိတ္တသာရ အပူဇော်ခံလာရောက်
Jun 27,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ်တောင်ကျောင်း ကိုးခန်းကြီးဘုရားတွင် ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်က ပေါင်မြို့နယ် နတ်မှော်ကျေးရွာအုပ်စု ဓါတ်တော်ကုန်းကျေးရွာ စမ္ပာနဂိုရ်ဓါတ်တော်နန်းဦးကျောင်း ပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ အရှင်ဝိစိတ္တသာရ Ph. D(Classical Archeology) သည် အပူဇော်ခံရောက်ရှိခဲ့ရာ မြို့နယ်တွင် ကျေးရွာအချို့မှ ပြည်သူများဖူးမြော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့ပေါ် အမှတ်(၃)ရပ်ကွက်၊ ရန်အောင်မြင်လမ်း မျက်နှာချင်းဆိုင် အိမ်များ အိမ်စိတစ်လျှောက်၊ ကန္နားလမ်းမတစ်လျှောက် နေအိမ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားခြင် ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကြည်သာစံပြကျေးရွာ မှန်စက်ရုံဝန်းအတွင်းရှိ ဆိပ်ခံဘောတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငဝန်မြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် စူဠဘွဲ့နှင်းသဘင် အောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၁ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်)အခမ်းအနားကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ် ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးပွဲ ကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇွန်(၂၅)ရက်နေ့ မွန်းလွဲပိုင်း၌ မြင်းကကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးခင်မောင်ချို၏ မြေနေရာ၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ
Jun 27,2022
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20165
Page
20166
Page
20167
Page
20168
Current page
20169
Page
20170
Page
20171
Page
20172
Page
20173
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department