Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 27,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က ယနေ့ နံနက် ၈ နာရီ အချိန် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉နာရီခွဲအချိန်၌ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 27,2022
ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကို အလေးထားနားလည်တတ်စေရန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနတို့မှ လမ်းညွှန်ချက်အရ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးကို ယနေ့နံနက် ၉ နာရီအချိန်က ငပုတောမြို့နယ် အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲ ကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ် (၉/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူဦးဌေးလွင် လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက် ထည့်သွင်းကြဲပတ် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်
Jun 27,2022
မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ပူးပေါင်း၍ ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ (၁၂)ဧကတွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ “သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်များ ပါဝင်ပြီးဖြစ်၍ လယ်မြေအတွင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်လိုကြောင်း” တိုက်တွန်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20162
Page
20163
Page
20164
Page
20165
Current page
20166
Page
20167
Page
20168
Page
20169
Page
20170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department