Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မတ္တရာမြို့နယ်၌ လျှပ်ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စစ်ဆေး
Jun 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စစ်ဆေးခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre၌ "ဂီတနေ့" အခမ်းအနား ကျင်းပ
Jun 26,2022
"မြန်မာ့ဂီတနေ့"ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာCommunity Centre၌ ဗဟန်းမြို့နယ် ဂီတအစည်းအရုံးကကြီးမှူးကျင်းပသော" ဂီတနေ့"အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ…
Jun 26,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆုရရှိသူများအား ဆုချီးမြှင့်ပေးပွဲအခမ်းအနား ကျင်…
Jun 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအားဆုချီးမြှင့်ပေးပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးတက်ရောက်
Jun 26,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်သည်၊၊
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် ဆီထွက်သီးနှံ နေကြာအစေ့ထုတ် စံပြစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် စယ်အူကျေးရွာတွင် စိုက်ပျိုးထားရှိသည့် တောင်သူနည်းပညာ ပြန့်ပွားရေးစင်တာ (Knowledge Center) တွင် နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ် အားကစားဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် စတင်ဖွဲ့စည်း
Jun 26,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း၊ စည်းရုံးပညာပေးခြင်း၊ တည့်မတ်ပြုပြင်ပေးခြင်းတို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) စိုက်ပျိုးမွေးမြုရေးရပ်ကွက်တွင် အသင်းတည်နေရာထားရှိပြီး စိတ်တူကိုယ်တူ အသင်းသား (၄၃)ဦး စုစည်း၍ မတည်ရင်းနှီးငွေကျပ် နှစ်သိန်းတစ်သောင်းငါးထောင်ဖြင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်ကို ယနေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၁)စိုက်ပျိုးမွေးမြုရေးရပ်ကွက်ရှိ ဘက်စုံသုံးခန်းမတွင်စတင်ဖွဲ့စည်းသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20167
Page
20168
Page
20169
Page
20170
Current page
20171
Page
20172
Page
20173
Page
20174
Page
20175
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department