အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2022
ဝိုင်းမော်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက် (၉)နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်းရှိ တောင်သူဦးအက်စ်‌ခေါတိန့်၏ ယာမြေ (၁)ဧက ပေါ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Jun 27,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တိုက်နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်များပူး‌ပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လုပ်ငန်းများအား ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 27,2022
မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကြီးကြပ်အကဲဖြတ်ခြင်းဆိုင် ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီ အချိန်က မကွေးမြို့ အ.ထ.က(၁)ကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အသီးသီးမှ ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 27,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်း(နှမ်းဖြူ) သီးနှံများ ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ဒေသခံတောင်သူများက ပေါ်ဦးပေါ်ဖျား နှမ်းဖြူများကို ဆီကြိတ်ရောင်းချရာ နှမ်းဖြူဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ ဈေးဖြင့် ရောင်းချရသဖြင့် နှမ်းဖြူသီးနှံစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဆိတ်ချေးကုန်းကျေးရွာ တောင်သူ ဦးထွေးပု၏ လယ်မြေကွင်းအမှတ်-၃၆ ခ၊ ဦးပိုင် - ၃၃/၁၅ တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 27,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၈.၃၇)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သုခချမ်းသာလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၆ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။