Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်တွင် တိုင်ထောင်ပဲတောင့်ရှည်သီးနှံများ ဈေးကောင်းရရှိ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ နှမ်း၊ ဝါ၊ ငရုပ်၊ နှင့် ပဲအအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ တောင်သူအချို့သည့် နေ့စဉ်ဝင်ငွေရနိုင်သည့် ကာလတိုသီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်းနှင့် ယခုအခါ တိုင်ထောင်ပဲတောင့်ရှည်သီးနှံများ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် ပဲတောင့်ရှည်စိုက် တောင်သူများနေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jun 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် မအားလပ်သဖြင့် စာကြည့် တိုက်သို့ မလာရောက်နိုင်သည့် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် နာနတ်သီးကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးပြီး နာနတ်ဝိုင်ထုတ်လုပ်ရောင်းချ
Jun 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်နေထိုင်ကြသောဒေသခံများမှာ နာနတ်သီးကို တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြသော် လည်း စိုက်ခင်းကြီးများ ဖန်တီးထွန်ယက်၍ စနစ်တကျ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူမရှိသေးဘဲ မိမိတို့၏ နေအိမ်ခြံဝင်းမြေလွတ်များတွင် စားသုံးရန်နှင့်ဥယာဉ်ခြံများတွင် အပိုဝင်ငွေရရှိရန်အတွက် သကြားသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နေ့လည်(၁)နာရီအချိန်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ အကွက်အမှတ်(၆၇)၊ ဦးပိုင်အမှတ်(၂/၂)၊ ဧရိယာ(၀.၆၅)ဧကရှိ ဒေသခံတောင်သူ ဦးစိုင်းယီ၏ ဧည့်မထအထွက်းကောင်း စပါးမျိုးစိုက်ပျိုးထားသည့် လယ်မြေနေရာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့အမှတ်(၁)ရပ်ကွက် အောင်သပြေလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jun 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၉၈၀၀၀၀/-)ဖြင့် အမှတ်(၁)ရပ်ကွက် အောင်သပြေလမ်းအပိုင်း (၁)အား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်သားများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော သံပုရာသီးပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိ
Jun 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲပြုလုပ်
Jun 27,2022
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်ဖြူမူလတန်းကြိုကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20160
Page
20161
Page
20162
Page
20163
Current page
20164
Page
20165
Page
20166
Page
20167
Page
20168
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department