အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး‌ရှေ့ နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား‌လျော့နည်းပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများကို ယမန်နေ့နံနက် မွန်လွဲပိုင်း ၁နာရီခွဲအချိန် က စတင်၍ ကျောင်းသူ/သားများအား အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ပြသ ဆောင်ရွက်ခဲ့သည်။
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် တိုင်ရင်းသား ဘာသာစကားများဖြင့် အသိပညာပေး နှိုးဆော်မှုများအား လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆင်စခန်းကျေးရွာအုပ်စုအတွင်းရှိ ​ရွာတန်းရှည် ကျေးရွာ၌ လူသွားလူလာများသည့် လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။ 
Dec 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ လမ်းသွားလမ်းလာများအား (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ရှောင်တခင် စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက်၊ ရေကြည်ချောင်းအနီး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 17,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ် နှင့် အထက်ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို    ယနေ့ နံနက်(၉)နာရီအချိန်က  စတင်၍  တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Dec 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 17,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို  စာအုပ်စုစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။