ပိုင်ကျုံ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများကို ယမန်နေ့နံနက် မွန်လွဲပိုင်း ၁နာရီခွဲအချိန် က စတင်၍ ကျောင်းသူ/သားများအား အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ၊ ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်၊ သက်ဆိုင်ရာအလုပ်သမား ဥပဒေများတွင် အလုပ်လုပ်ရန် အနိမ့်ဆုံးအသက်(၁၄)နှစ်ရှိရန်၊ ကလေးသူငယ်များ၏ အခွင့် အရေးကို အသိအမှတ်ပြုကာ ၎င်းတို့အပေါ် ခေါင်းပုံဖြတ်မှုနှင့် ပညာရေး၊ ကျန်းမာရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ကိုယ်ကျင့် တရားပိုင်းနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်နစ်နာစေ သည့် အန္တရာယ်ရှိသော အလုပ်များမှ အကာအကွယ်ပေးရန် စသည့်အကြောင်းအရာများ ပြသ ထားကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)