တောင်ဥက္ကလာပမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ ပန်းချီအနုပညာများ ရင်းနှီးမှုရှိစေရန်၊ အရောင်များ ရွေးချယ်တတ်စေရန်နှင့် လွတ်လပ်ရေးနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ မြို့မိမြို့ဖတို့ ပူးပေါင်း၍ အ.လ.က (၅)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား  ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျောင်းသုံးဗလာစာအုပ်များ လက်ဆောင်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း