မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မိုင်းခတ်  ဒီဇင်ဘာ  ၁၇

ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉နာရီခွဲအချိန်က  “ဒို့ကျေးရွာဂျာနယ်”ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ် နီအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒီဇင်ဘာလ (၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၃)မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသော "နံမည်"ခေါင်းစဉ်ပါ ကြောင်းအရာများအား ဖတ်ကြားဆွေးနွေး ခဲ့သည်။

ထို့နောက်ဂျာနယ်ပါ အကြောင်းအရာများဖြစ်သည့် စာရေးဆရာမောင်သောင်းဝင်း (တမန်ဟောင်း) ရေးသားသော "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ရှိ‌နေမည်ဆိုလျှင်"၊စာရေးဆရာ မှုံနံ့သာချစ်ရေးသားသော “မသန်‌ပေမယ့်စွမ်းသူများ”၊ စာရေးဆရာပေါက်ပေါက် ရေးသား သော “ရာသီကူးပြောင်း မပေါ့ဆသင့်သောရာသီတုပ်ကွေးဗိုင်းရပ်စ်အကြောင်း"စသည့် ခေါင်းစဉ်များကို ဝန်ထမ်းများက အလှည့်ကျဖတ်ကြားခြင်း၊ ရှင်းလင်း‌ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြာင်း သိရသည်။