အမြို့မြို့အနယ်နယ်သတင်းများ

Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရွာခိုင်ကြီး  ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ သိရှိလိုက်နာစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား  အသိ ပေးနှိုးဆော်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက Hand Spaker  ဖြင့်လှည့်လည် နှိုးဆော်ခဲ့ကြသည်။
Dec 22,2021
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲ နှင့်ပန်းချီလက်ရာပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Dec 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများကို ရုံးရှေ့၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်ရှိ အောင်ရတနာဆီစက်မှ ထုတ်လုပ်ရောင်းချနေသော စားသုံးဆီများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေနှင့် လုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဆီစက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်းပြီး အမျိုးသမီးများ အိမ်တွင်းမှု လုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင် အသုံးပြုတတ်စေရန် အတွက်ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ၌ကျင်ပပြုလုပ်ခဲ့သည်။
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလက်ရှိရာ နောင်ကတ်ကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ယမန်နေ့က  မောင်းလှော်ကျေးရွာအုပ်စု ၊ရတောင်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ရပ်ကွက် ကျေးရွာ များမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။