ထန်းတပင် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ရပ်ကွက် ကျေးရွာ များမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာ ထားရှိပြီး ထန်းတပင်မြို့နယ်တွင် မြို့ပြပင်စင်(၅၄၉) ဦး၊ ကာကွယ်ရေးပင်စင်(၄၀၁)ဦးနှင့် နိုင်ငံရေးပင်စင် (၁၀၀)ဦး၊ စုစုပေါင်း(၁၀၅၀)ဦးရှိပြီး ယနေ့တွင် ပင်စင်ထုတ်ယူသူ(၁၇၁) ဦးရှိကြောင်းထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။