မင်းလှမြို့နယ်၌တစ်ပိုင်တစ်နိုင်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

အထက်မင်းလှ      ဒီဇင်ဘာ   ၂၂

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်းပြီး အမျိုးသမီးများ အိမ်တွင်းမှု လုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင် အသုံးပြုတတ်စေရန် အတွက်ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ၌ကျင်ပပြုလုပ်ခဲ့သည်။

ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ဆပ်ပြာဆီပြုလုပ်နည်း တတ်ကျွမ်းပါက   အမျိုးသမီးများအိမ်တွင်းမှု လုပ်ငန်းအဖြစ်  တစ်ပိုင် တစ်နိုင် လုပ်ကိုင်ပြီး အပိုဝင်ငွေရရှိစေမည်ဖြစ်၍ လေ့လာမှတ်သားပြီး သင်ယူစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်း နည်းပြဆရာ ဦးအောင်မျိုးထွန်းက  ဆပ်ပြာဆီပြုလုပ်နည်း လုပ်ငန်းအဆင့်ဆင့်နှင့် ထည့်သွင်း အသုံးပြုရမည့် ကုန်ကြမ်း ပစ္စည်းများ၏အချိုးအစားများကို ရှင်းလင်းပြောကြားပြီး    သင်တန်းသား/ သင်တန်းသူများနှင့်လက်တွေ့စုပေါင်း၍ ဆပ်ပြာဆီပြုလုပ်ခဲ့ကြသည်။

အဆိုပါဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင်မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကွက် အသီးသီးမှစိတ်ပါဝင်စားသူအမျိုး သမီးများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)